လ - ဖေ‌ဖော်ဝါရီ 2017

ပီညာတာ(Piñata) ထက်ပိုကောင်းတယ်

သကြားလုံးများနှင့် စားစရာမုန့်ထုပ်လေးများ ထည့်သွင်းထားသည့် ပီညာတာ
(Piñata) ဘူး (သို့်) မြေအိုး မပါဝင်ပါက မက္ကစီကို ပါတီပွဲမမည်။ သကြားလုံးနှင့် မုန့်များကို ပျော်ရွှင်စွာ စားသောက်ရန် ကလေးများက  ထိုဘူး/အိုးကို တုတ်ဖြင့် ရိုက်ခွဲယူရသည်။
၁၆ ရာစု ခုနှစ်အတွင်းက ဘုန်းတော်ကြီးများသည် ပီညာတာကို အသုံးပြု၍ မက္ကစီကို နိုင်ငံသားများအား သင်ခန်းစာများ သင်ကြားပေးခဲ့သည်။ ပီညာတာသည် အတက် ၇ ခုပါသော ကြယ်ရုပ်များ ဖြစ်ပြီး ထိုအတက်များသည် အလွန်မှပင် ကြောက်မက်ဖွယ်ကောင်းသော အပြစ် ၇ မျိုးကို ကိုယ်စားပြုသည်။ ပီညာတာကို တုတ်ချောင်းဖြင့် ရိုက်ခွဲခြင်း သည် မကောင်းဆိုးဝါးလက်မှ လွတ်မြောက်ရန် ရုန်းကန်ခြင်းဟု အဓိပ္ပာယ်ဆောင်ယူ၍ အထဲမှမုန့်များ ကျလာသည်နှင့် တစ်ပြိုင်နက် လူအများက ကောက်ယူပြီး အိမ်သို့ ယူဆောင်သွားကာ ယုံကြည်ခြင်း အမှတ်သညာ အဖြစ်…

မီးပြတိုက်

ရဝမ်ဒါနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော `မီးပြတိုက်´ အမည်ရှိ သာသနာလုပ်ငန်းကြီး  သည် ရွေးနုတ်ကယ်တင်ခြင်း သင်္ကေတဖြစ်သည်။ ထိုရုံးသည် ၁၉၉၄ ခုနှစ် လူမျိုးတုံး သတ်ဖြတ်သည့်ကာလ နိုင်ငံတော်သမ္မတကြီး ပိုင်ဆိုင်သည့် အိမ်တော်ဝင်းအတွင်း၌ တည်ရှိသည်။ လက်ရှိအဆောက်အအုံသစ်ကို အချက်ပြ အလင်းရောင်နှင့် မျှော်လင့်ခြင်း အမှတ်သညာအဖြစ် ခရစ်ယာန်များ ကမကထပြု၍  ပြန် ဆောက်ခဲ့သည်။ ထိုအဆောက်အအုံတွင် နောင်မျိုးဆက်သစ် ခရစ်ယာန်ခေါင်းဆောင်များကို မြေတောင်မြှောက်ပေးရန် ဓမ္မတက္ကသိုလ်အပြင်၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများလည်း ပါရှိသည်။ ပြာပုံကြားမှ အသစ်သောဘဝ ထွက်ပေါ်လာသည်။ ဤ`မီးပြတိုက်´အမှုတော်ကို တည်ထောင်သူများသည် မိမိတို့၏မျှော်လင့်ခြင်းနှင့် ကယ်တင်ခြင်းအဖြစ် ခရစ်တော်ကို စေ့စေ့ကြည့်လျက် မျက်မှောက်ပြုခဲ့သည်။
သခင်ခရစ်တော်သည် နာဇရက်မြို့သို ရောက်ပြန်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ ဝင်၍ ပရောဖက်ဟေရှာယ၏ အနာဂ္ဂတ္တိကျမ်းကို ဖွင့်ဖတ်ပြီး လျှင် သူသည် ဘုရားသခင်၏…

နက်ဖြန်နေ့သို့လှမ်းမြင်ခြင်း

တိမ်ကင်းစင်သော ကောင်းကင်ပြာကြီးကို မော်ကြည့်ရခြင်းကို ကျွန်ုပ်အလွန်နှစ်သက်၏။ ကျွနု်ပ်တို့၏ မဟာဖန်ဆင်းရှင်၏ ကြီးမြတ်သောလက်ရာတော်များအနက် မိုးကောင်းကင်
သည် အလွန်လှပသောအရာဖြစ်ပြီး ကျွန်ုပ်တို့ကို ပီတိဖြစ်စေသည်။ လေယာဉ်မှူးများသည် ဤမြင်ကွင်းကို မည်မျှနှစ်သက်မည်ကို ကျွန်ုပ်တို့ မှန်းဆနိုင်သည်။ ပျံသန်းရန် အကောင်းဆုံး
အခြေအနေရှိသည့် ကောင်းကင်ကြီးကို လေကြောင်းဆိုင်ရာ ပညာရပ်၏ ဝေါဟာရအမျိုးမျိုးဖြင့် ဖွင့်ဆိုထားသည်။ ၎င်းတို့ အနက် `နက်ဖြန်နေ့သို့ လှမ်းမြင်ခြင်း´ ဟူသော ဝေါဟာရကို ကျွန်ုပ် အနှစ်သက်ဆုံးဖြစ်၏။
`နက်ဖြန်နေ့သို့ လှမ်းမြင်ခြင်း´သည် ကျွန်ုပ်တို့ မြင်နိုင်စွမ်းထက် ကျော်လွန်သောနေရာဖြစ်သည်။ ယနေ့တွင်
ကျွန်ုပ်တို့အပေါ် ဖိစီးသက်ရောက်သော ဘဝအကြောင်း များကို ကျွန်ုပ်တို့သိရှိနားလည်ရအောင် ကြိုးစား၍ ရှာကြံကြ သည်။ ကျမ်းစာက “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက် တတ်သော အခိုးအငွေ့ဖြစ်၏” (ယာ ၄း၁၄)…

သဘာဝကပ်ဘေးအလွန် (စူနာမီကပ်ဘေးအလွန်)

"ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခရစ်ယာန်များက မည်သို့တုံ့ပြန်ရမည်ကို သမ္မာကျမ်းစာဖြင့် ဆင်ခြင်ခြင်း"

ဤစာစောင်ကိုရေးသားသူ ဆရာကြီး Ajith Fernando သည် သမ္မာကျမ်းစာသင်ကြားပို့ချသူ ဆရာတစ်ပါးဖြစ်ပြီး လူအများ၏ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။ "သီရိလင်္ကာနိုင်ငံ ခရစ်တော်အတွက်လူငယ်အဖွဲ့" ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး Our Daily Bread Ministries ၏ ဒေသန္တရသာသနာ့လုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်အစေခံနေ၏။

Ajith သည် သီရိလင်္ကာကျွန်းနိုင်ငံကို ချစ်မြတ်နိုးသည့် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်သည်။ ထိုကျွန်းကို "စူနာမီ" ဟုခေါ်သည့် ဧရာမလှိုင်းလုံးကြီးများက ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရက်စက်စွာ ရိုက်ခတ်ဖျက်ဆီးသွားခဲ့သည်။ ဤစာအုပ်ပါအကြောင်းအရာများမှာ ထိုကပ်ဘေးကြီးခံရပြီးနောက် စူနာမီကို တုံ့ပြန်သောသဘောနှင့် ရေးသားခဲ့သည့် Ajith ၏ ခံစားချက်များဖြစ်သည်။

တိုလီမိုလီအမှိုက် ပါရမီရှင်

နိုးအာ ဖျူရီဖွိုင်းသည် ၁၉၆၅ ခုနှစ်က လော့စ်အိန်ဂျလိစ် မြို့ ဝါ့တ်စ် ဝန်းကျင်၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှ ရရှိသော ၃ တန် အလေးချိန်ရှိသည့် အမှိုက်သရိုက်များကို ပြန်လည်စုစည်း
တပ်ဆင်ပုံဖော်သည့် အနုပညာရှင်တစ်ဦးအဖြစ် မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင်ခဲ့ရသည်။ အသုံးပြု၍မရတော့သည့် စက်ဘီး၏ဘီးအကျိုးအပဲ့များ၊ ဘိုးလင်း ဘောလုံးမှအစ ကားတာယာအစုတ်၊ တီဗီအပျက်များကို သူ့မိတ်ဆွေတစ်ဦးနှင့်အတူ အနုပညာလက်ရာမြောက်စွာ   ပြန်လည်တပ်ဆင်အသက်သွင်းသည်။ ထိုလက်ရာများက  မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွင် စွန့်ပယ်ခံရသော လူသားများဘ၀နှင့် စပ်လျဉ်း၍ အလွန်ထိရောက်သော သတင်းစကားအဖြစ် ဖော်ဆောင်ခဲ့သည်။ ထိုပုဂ္ဂိုလ် ဖျူရီဖွိုင်းအား သတင်းစာဆရာတစ်ဦးက `တိုလီမိုလီအမှိုက် ပါရမီရှင်´ ဟုပင် ဖော်ညွှန်းခဲ့သည်။
သခင်ခရစ်တော် သက်တော်ထင်ရှားစဉ်က အနာ ရောဂါရှိသူများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းချို့ယွင်းသူများအား ဘုရား၏အပြစ်ပေး ဒဏ်ခတ် ခံရသော အပြစ်သားများဟု အများက ထင်မြင်ယူဆကြသည်။ ထိုသူများသည် အများ၏ရှောင်ဖယ်ခြင်း၊ ဂရုမစိုက်လျစ်လျူရှုခြင်းကို…

မုသာငယ်လေးနှင့် ကြောက်ပေါက်လေး

ကြောင်ပေါက်လေးများအပါးမှ ၄နှစ်သားလေး အဲလိယက်စ် လစ်ပြေးသွားသည်ကို မိခင်ဖြစ်သူက သတိပြုမိသည်။  ကြောင်ပေါက်လေးကို မကိုင်ရန် သူ့ကိုသတိပေးပြီးသား။ အမေက “ အဲလိယက်စ် ... ကြောင်လေးတွေကို သွားကိုင် သေးလား” ဟု မေးရာ၊ သူက “မကိုင်ပါဘူး” ဟု အတည်ပေါက် ပြန်ပြောသည်။ သို့နှင့်မိခင်က “ကြောင်လေးတွေက ပျော့အိအိလေးလား” ဟုထပ်မေးလိုက်ရာ “ပျော့အိနေ တာပဲ အမေရယ်၊ အမဲကောင်လေးဆို ညောင်လို့တောင် အော်နေတယ်” ဟု အလိုလိုပြောထွက်လာသည်။
ကလေးငယ်များ ထိုသို့ မရိုးမသားပြောဆိုခြင်းကို   ကျွန်ုပ်တို့ ပြုံးရယ်မိတတ်ကြသည်။ ထိုသို့ အဲလိယက်စ် ၏ မနာခံမှုက လူသားများ၏ အခြေအနေကို မီးမောင်းထိုးပြ နေပါသည်။ ၄ နှစ်သားလေးကို လိမ်လည်တတ်အောင် မည်သူမျှ သင်ပြပေးစရာမလိုပါ။ ဒါဝိဒ်မင်းကြီး၏ အပြစ်ဝန်ချ
တောင်းပန်သည့် ဆာလံကျမ်းတွင် “အကျွန်ုပ်သည် မွေးစ ကပင်…